MNP ၊ ဧပြီ ၂
ငွေကြေးခဝါချမှုနဲ့အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာနှင့် အဖိုးတန်သတ္တု ရောင်း၀ယ်သူများ ဆိုင်ရာကြီးကြပ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူးညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ငွေကြေးခ၀ါချမှုဆိုတာကတော့ (Proceed of Crime-POC) လို့ခေါ်တဲ့ပြစ်မှုကျူးလွန် ရာကရတဲ့ ပစ္စည်း၊ ငွေကြေး၊ အကျိုးအမြတ်(ငွေမဲ)များကို ဥပဒေအရအရေးယူခြင်းမှ ရှောင်ရှားနိုင်ဖို့နဲ့ တရား၀င်ငွေဖြူအဖြစ် ထင်မှတ်စေဖို့အတွက် မူလဇစ်မြစ်၊ ပိုင်ဆိုင်မှု၊ တည်နေရာ၊ ပုံပန်းသဏ္ဍန်တို့ကို ဖုံးကွယ်ရန်(Concealing) (သို့မဟုတ်)၊ အသွင်ပြောင်းလဲရန်(Disguising) ရည်ရွယ်ပြီး၊ ပြောင်းလဲခြင်း (Conversion)၊ လွှဲပြောင်းခြင်း(Transfer) ပြုလုပ်ခြင်းကိုဆိုလိုပါတယ်။ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး လုပ်ငန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အလေးအနက်ထားဆောင်ရွက်ရန်ဟု မှတ်ချက်ပြု လမ်းညွှန်ထားပါတယ်။ ဒီလမ်းညွှန်ချက်ကိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးကြီးတာ၀န်တစ်ရပ် လိုခံယူဖို့လိုသလို၊ လုပ်ငန်းခွင်မှာ ဘာသာရပ်စိမ်းတဲ့ဒီလုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ဖို့ဆွေးနွေးပွဲမှာပို့ချတာတွေကို သေသေချာချာ လေ့လာမှတ်သားကြပြီး ပို့ချဆွေးနွေးသူများကို ညီရင်းအကိုလိုသဘောထားမေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က သတင်းပို့အဖွဲ့အစည်းများလိုက်နာရမည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပြဌာန် းချက်များအား ဆွေးနွေးပို့ချခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းအောင်က အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အိမ်ခြံမြေအကျိုးဆောင်များနှင့် ရွှေလုပ်ငန်းရှင်များဆိုင်ရာ ညွှန်ကြားချက်(၁/၂၀၂၂)နှင့် (၂/၂၀၂၂)များအား ဆွေးနွေးပို့ချခဲ့သည်။
ထို့နောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်က(Offsite Monitoring & Onsite Supervision)ဆိုင်ရာ ဆွေးနွေးပို့ချခြင်းနှင့် အသိအမှတ်ပြုမှတ်ပုံတင်လျှောက်လွှာ လျှောက်ထားခြင်းဆိုင်ရာ ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာကြသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်
https://t.me/MyanmarNationalPost

No comments:
Post a Comment