Pages

Pages

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ




MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ၁၃၈၄-၁၃၈၅ ခုနှစ် ၊ နှစ်ဆန်းတစ်ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦး ဆောင်ကြီးကြပ်ပြီး  ဇီဝိတဒါန ငါးလွှတ်ပွဲကို  ယနေ့ နံနက် ၇ နာရီ အချိန် အာလီသားကန် အတွင်း ကျင်းပပြုလုပ် ခဲ့သည်။  


အဆိုပါ ဇီဝိတဒါန ငါးလွှတ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် တာဝန်ရှိသူများ ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက အာလီသားကန် အတွင်း အရွယ်အစား ၂ လက်မ နှင့် အထက် ထိုင်းငခုံးမ  နှင့် ရွှေဝါရောင်ငါးကြင်း  အကောင်ရေ ၆ ထောင် ကျော် လွှတ်ပေး ခဲ့ ကြ ကြောင်း သိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment