Pages

Pages

ဂွမြို့၊ မြို့မရပ်ကွက်တွင် အသက်(၇၅)နှစ်အထက် သက်ကြီးဘိုးဘွား (၅၇)ဦးအား ပူဇော်ကန်တော့




MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်၊ အလယ်ရွာတွင်  ဇွဲမာန်လူမှုကူညီရေးအသင်းက  အသက်(၇၅)နှစ်အထက် သက်ကြီးဘိုးဘွား (၅၇)ဦးအား ပူဇော်ကန်တော့ပွဲကို  ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်းတွင် အသင်းတည်ရှိရာ နိဗ္ဗာန်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပူဇော်ကန်တော့ပွဲသို့တက်ရောက်လာကြသူများက ဘိုးဘွားများအား ပူဇော်ကန်တော့ပြီး သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ကန်တော့ခံတက်ရောက်လာသော ဘိုးဘွားများကိုယ်စား  အဘိုးတစ်ဦးက  ဆုတောင်းစကားများ ပြောကြားခဲ့ပြီးပူဇော်ကန်တော့ခံလာရောက်သည့် အသက်(၇၅)နှစ်အထက် အဘိုးအဘွား (၅၇) ဦးတို့ကို တစ်ဦးလျှင် အလှူငွေ လေးသောင်းကျပ်ကို ဇွဲမာန်လူမှုကူညီရေးအသင်းဉက္ကဋ္ဌနှင့် အသင်းသားများ၊ စေတနာအလှူရှင်များက ပေးအပ်ကန်တော့ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment