Pages

Pages

သာပေါင်းမြို့နယ်တွင် သာသနိကအဆောက်အဦးများ မီးဘေးအန္တရာယ်ကင်းဝေးလုံခြုံရေး စစ်ဆေး


MNP ၊  ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သာသနိကအဆောက်အဦးများ မီးဘေးအန္တရာယ်ကင်းစင်စေရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်မှ စတင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ သာသနိကအဆောက်အဦးများ မီးလောင်မှု၊မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် အမှတ် (၃) ရပ်ကွက် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့လှည့်လည်၍ မီးသုံးစွဲမှုနေရာများ စနစ်တကျအသုံးပြုရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment