ကျောက်ပန်းတောင်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးနေ့ဖြေဆို ဖြေဆိုမှုရာခိုင်နှုန်း ၈၉.၀၀ ရာခိုင်နှုန်းရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးနေ့ဖြေဆို ဖြေဆိုမှုရာခိုင်နှုန်း ၈၉.၀၀ ရာခိုင်နှုန်းရှိ


MNP ၊  ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်၊ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကို၊ မတ်လ(၃၁) ရက်နေ့မှ စတင် ကျင်းပလာခဲ့ရာ၊ ယနေ့ဧပြီလ ၃ ရက်နေ့တွင် နောက်ဆုံးနေ့အဖြစ် ပထမကြီးတန်း ဘာသာပြန်ဘာသာကို ဖြေဆိုတော်မူကြကြောင်းသိရပြီး၊ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၈၉.၀၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကို(၃၁-၃-၂၀၂၃)ရက်နေ့မှစတင်၍ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းများကို ဘာသာရပ်အလိုက် ဖြေဆိုခဲ့ကြပြီး၊ ယနေ့တွင် နောက်ဆုံးနေ့အဖြစ် ပထမကြီးတန်း ဘာသာပြန်ဘာသာရပ်ကို  ရဟန်း ၄၆ ပါး၊ သာမဏေ ၄ ပါး၊ သီလရှင် ၅ ပါး၊ စုစုပေါင်း ၅၅ ပါး ဖြေဆိုရန် စာရင်းပေးသွင်းထားသည့်အနက်၊ ရဟန်း ၄၀ ပါး၊ သာမဏေ ၄ ပါး၊ သီလရှင် ၅ ပါး စုစုပေါင်း(၄၉)ပါး ဝင်‌ရောက်ဖြေဆိုတော်မူကြပြီး၊ (၆)ပါး ပျက်ကွက်ခဲ့ရာ စုစုပေါင်းဖြေဆိုမှုရာခိုင်နှုန်းမှာ ၈၉.၀၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနထံမှ သိရသည်။


အဆိုပါ စာမေးပွဲဖြေဆိုရာသို့ အလှူရှင်များက ဆွမ်းနှင့်အချိုရည်များ ဆက်ကပ်ကုသိုလ်ယူခြင်းများ ဆောင်ရွက်ကြ၍ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများက အနီးကပ်ကြီးကြပ်တော်မူကြပြီး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်ဝန်ထမ်းများ၊ အကျိုးတော်ဆောင်အဖွဲ့များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


နေအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)