Pages

Pages

ဂွမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ




MNP ၊  ဧပြီ ၂၅

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး နှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ ခန်းမ၌  ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလျက်ရှိရာတွင် ပထမအကြိမ် ၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့်ပြည်သူများအားထိုးနှံပေးလျက်ရှိရာ ယမန်နေ့က စုရပ်(၃)ခု၌ ထပ်ဆောင်းကာကွယ်ဆေးကို ပြည်သူ(၈၁)ဦးသို့ ထိုးနှံပေးခဲ့ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment