Pages

Pages

ဂွမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထိုးနှံပေးသွားမည်ဖြစ်


MNP ၊  ဧပြီ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထိုးနှံရမည့် ပြည်သူများအား ကာကွယ်ဆေးများကို ဧပြီလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ(ဂွမြို့)၊ ကျိန္တလီတိုက်နယ်ဆေးရုံဝင်း၊ ဆပ်သွား၊ ကုလားပြင်၊ ညောင်ချောင်း၊ တောင်ပေါက် ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနတို့တွင် နံနက်(၁၀)နာရီမှစတင်ကာ ထိုးနှံပေးသွားမည်ဖြစ်သည်။


ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးပြီး (၆)လပြည့်ပြီးသူများအား စတုတ္ထအကြိမ်၊ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီး (၆)လပြည့်ပြီးသူများအား တတိယအကြိမ်နှင့် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမည့်သူများ ပါဝင်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment