Pages

Pages

မြစ်သားမြို့နယ်၌ ကျောက်ဖရုံယိုလုပ်ငန်းဖြင့် မိသားစု ဝင်‌ငွေတိုးပွားပြီး အဆင်ပြေ




MNP ၊  ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ ဘူတာရပ်ကွက်၌ ကျောက်ဖရုံယိုလုပ်ငန်းဖြင့် မိသားစုဝင်ငွေများ တိုးပွားပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကျောက်ဖရုံယို လုပ်ရန်အတွက် ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်၍ အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား(၄)လက်မအနံ(၂)လက်မခန့် အချောင်းလေးများဖြစ်အောင် လှပညီညာစွာလှီးဖြတ်၍ သေချာသန့်စင်အောင် ရေဆေးကြောကာ ကွမ်းစားထုံးကို ရေသန့်သန့်ထဲ၌ အနည်းငယ်ထည့်ဖျော်၍ တစ်ညစိမ်ထားပေးကြောင်း ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင် ဆေးကြောရာ၌ ရေများစစ်အောင် ဇကာထည့်၍ စစ်ပေးရသည်။  


ထို့နောက်  သကြားရည်များ  ပူပြီးအနည်းငယ်စပွက်လာလျှင် အိုးကပ်ပြီး မတူးအောင် မကြာခဏ မွှေပေးရကြောင်း၊ သကြားများ ခပ်ထန့်ထန့်ဖြစ်မနေတော့ပဲ ခြောက်သွေ့သွားလျှင် ဆက်ပြီး မပူနေစေရန် ဒယ်အိုးမှဖယ်ပြီး လင်ဗန်းတစ်ချပ်ထဲဖြန့်ထည့်၍ အအေးခံပေးထားရကြောင်း၊ ခြောက်သွေ့သွားသော ကျောက်ဖရုံယိုများကို အိတ်ဖြင့်ထည့်ကာ တစ်ပိဿာလျှင်(၄၈၀၀ိ/)ရောင်းချ၍ ပိဿာအချိန်(၂၀)အိတ်ဖြင့် ထည့်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကျောက်ဖရုံယိုလုပ်ငန်းလုပ်ကိုင်သူ ဒေါ်သိမ့်သိမ့်သူထံမှ သိရသည်။


ဝင်းမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment