Pages

Pages

ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ သောက်သုံးရေများ အခမဲ့ လှူဒါန်း




MNP ၊  ဧပြီ ၂၉

 မွန်ပြည်နယ်  ပေါင်မြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီးနွေရာသီတွင် ကျေးရွာ/ ရပ်ကွက်များရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့၏ဦးဆောင်မှုဖြင့်  ရပ်ကွက်/ကျေးရွာများရှိရေလှောင်ကန်နှင့်နေအိမ်များသို့ သောက်သုံးရေများ အခမဲ့ သွားရောက် ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ( ၅ ) နာရီ က ပေါင်မြို့နယ်အတွင်း  ဘိုင်လောင်းကျေးရွာ သို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။


အဆိုပါ သောက်သုံးရေများအခမဲ့ဖြန့်ဝေပေးခြင်းကို ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကို နှင့်ဝန်ထမ်းများကရေဂါလံ (၃၂၀၀)ကိုဘိုင်လောင်းကျေးရွာ နေအိမ်များသို့အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းနှင့်ရေရှားပါးသော အခြားကျေးရွာ/ ရပ်ကွက်များသို့လည်း ဆက်လက်အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment