Pages

Pages

ကျိုက်ထိုမြို့နယ်၌ခွေးရူးပြန် ရောဂါကာကွယ်ဆေး ပထမအကြိမ်(အခမဲ့)ထိုးနှံပေး




MNP ၊  ဧပြီ ၂၁

      မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်၌ ဧပြီ ၂၁ ရက် နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ် ခန်းမ၌ ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ကိုပထမအကြိမ် အဖြစ် (အခမဲ့)ထိုးနှံပေးခဲ့သည်။ 


   အဆိုပါ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ရာတွင်ဘုန်းတော်ကြီးသင်စာသင်တိုက်များမှရဟန်း ၊သာမဏေများ၊ သီလ ရှင်ဆရာလေးများ၊ဌာနဆိုင်ရာဝန်ထမ်း များနှင့် ရပ်ကွက်ကျေးရွာရှိပြည်သူ များ အား ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီး ဌာန မြို့နယ်ဆရာဝန်ကြီးဒေါက် တာခွန်မောင်အိုး ဦးဆောင်၍ ကျန်းမာ ရေးဝန်ထမ်းများက  (အခမဲ့) ကာကွယ်ဆေးအလုံး(၃၀၀)အားကျိုက်ထိုမြို့၌ထိုးနှံပေးပြီးကျိုက်ထိုခရိုင်သိမ်ဇရပ်မြို့ရှိပြည်သူများအားအလုံးရေ(၁၅၀) အားထိုးနှံပေးမည်ဖြစ်‌ သည်။


      ဆက်လက်၍ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဧပြီ လ၂၈ရက်နေ့ တွင်ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

      ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊လူမှူကူညီရေးအဖွဲ့များ၊ကျန်းမာရေးဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment