Pages

Pages

တန့်ယန်းမြို့နယ်တွင် (၃၈)ကြိမ်မြောက် မြို့လုံးကျွတ် အသံမစဲမဟာဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပမည်


MNP ၊  ဧပြီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်မှ ဆရာတော် သံဃာတော် အရှင်သူမြတ်များ၏ ဦးဆောင်မှုဖြင့် (၃၈)ကြိမ်မြောက် မြို့လုံးကျွတ် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဧပြီလ ၂၈ ရက်နေ့မှစတင်၍ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပပူဇော်သွားမည်ဖြစ်သည်။


အဆိုပါ (၃၈)ကြိမ်မြောက် မြို့လုံးကျွတ် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကြီးတွင် ဆရာတော်သံဃာတော် (၃၅)ပါးတို့က ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက်နေ့အထိ ငါးရက်တိုင် မဟာပဋ္ဌာန်းတော်များကို ရွတ်ဖတ်ပူဇော်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ၁၃၈၅-ခုနှစ်၊ ကဆုန် လဆန်း(၁၀)ရက် ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


မင်းလွင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment