Pages

Pages

ပေါင်မြို့နယ်အကျဉ်းဦးစီးဌာနမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်လွတ်မြောက်သည့်လုပ်အားရှင်များအားလွှတ်ပေးသည့်အခမ်းအနားကျင်းပ







MNP ၊  ဧပြီ ၁၇

မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်အကျဉ်းဦးစီးဌာနမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်လွတ်မြောက်သည့်လုပ်အားရှင်များအားလွှတ်ပေးသည့်အခမ်းအနားကို ဇင်းကျိုက်၊ရင်းငြိမ်၊အင်ပြောင် ကုန်ထုတ်စခန်းတို့၌ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့၀င်များ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ( ၄၀၁ )  ( ၁ ) အရ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေး

ကောင်စီ၏လွတ်ငြိမ်းချမ်းသာခွင့်အရ ဇင်းကျိုက်ကုန်ထုတ်စခန်းမှအကျဉ်းသား(၃၂)ဦး၊ရင်းငြိမ်ကုန်ထုတ်စခန်းမှအကျဉ်းသား(၂၄)ဦးနှင့်အင်းပြောင်ကုန်ထုတ်စခန်းမှအကျဉ်းသား(၂၁)ဦး စုစုပေါင်း(၇၇) ဦးအား အကျဉ်းဦးစီးဌာနမှ ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment