Pages

Pages

ရသေ့တောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စိုက်ပျိုးရေးဘဏ်ရုံးဝန်ထမ်းများအား စာအုပ်၊စာစောင်များအခမဲ့ငှားရမ်းပေး


MNP ၊  ဧပြီ ၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံးဝန်ထမ်းများက ယနေ့ မွန်းလွဲ ၁နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဘဏ်ဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။ 


     ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံးဝန်ထမ်းများကစာကြည့်

တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား  စာအုပ်၊စာစောင်ကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတ များတိုးပွားလာစေရန်၊အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည် ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ ဝတ္တု၊မဂ္ဂဇင်း၊စာစောင်စသည့် စာအုပ်များဖြင့်  မြို့နယ်စိုက်ပျိုးရေးဘဏ် ဝန်ထမ်းများလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။


   ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်သူများ အဆင်ပြေစေရန်  Mobile Libraryဖြင့်စာအုပ်စာစောင်များကိုတစ်ပတ်ငှားရမ်းပြီး အသစ်လှဲလှယ်ပေးသည့်စနစ်ဖြင့် အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment