MNP ၊ ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၌ ယနေ့ ဧပြီလ ၂ ရက်သန်းခေါင်ယံကျော် ၁ နာရီခွဲအချိန်က တောဆင် ဝင်ရောက်ဖျက်စီးခဲ့သဖြင့် အိမ်ပြိုပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
ကွင်းကောက်ကျေးရွာအုပ်စု ၊ကွမ်းခြံကုန်းကျေးရွာ၊ ဦးသန်းကြည်(၆၅/၂၃)နှစ်၊ (ဘ)ဦးမောင်မှင်၊ ဗမာ/ဗုဒ္ဓ၊မှတ်ပုံတင်ရှိ(မမှတ်မိ)၊ ဥယျာဥ်ခြံလုပ်ကိုင်နေထိုင်ပြီး အတူနေမိသားစု အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး၊ ပေါင်း(၄) ဦးတို့နေထိုင်ရာ(အလျား ၁၈ ပေ၊ အနံ ၁၅ ပေ၊ မြင့် ၁၂ ပေ)ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်ပျက်စီးဆုံးရှုံး အခင်းဖြစ်ပွားရာသို့ မြို့မရဲစခန်း(သာပေါင်း)မှ ဒုရဲအုပ်အောင်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကွင်းကောက်ကျေးရွာအုပ်စု ချုပ်ရေးမှူးဦးဝင်းဌေးနှင့် အထောက်အကူပြုအဖွဲ့များနှင့်အတူ သွားရောက်ကူညီပေးမှုများ၊ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါဖြစ်ပွားမှုတွင်လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့် အသက်အန္တာရာယ်ဆုံးရှုံးမှု မရှိကြောင်းသိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment