Pages

Pages

သန်းတိုးအောင် ပါဝင်သော ပဏာမ မြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်း ၂၀၂၃ ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်မည်


MNP ၊ ဧပြီ ၁၁

ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် ( ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်) ပြိုင်ပွဲဝင် မြန်မာ ယူ၂၃ အသင်း အတွက် ရွေးချယ်ထားသည့် ပဏာမ ကစားသမား ၂၆ ဦးသည် ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်၍ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကစားသမား ၂၆ ဦးအား မြန်မာနေရှင်နယ်လိဂ် ကလပ်များမှ လူငယ်ကစားသမားများဖြင့် ရွေးချယ်ထားပြီး နည်းပြချုပ် အဖြစ် ဂျာမနီ နိုင်ငံသားနည်းပြ မိုက်ကယ်  ဖိုက်တန်ဘိုင်နာက တာဝန်ယူ ကိုင်တွယ်သွားမည် ဖြစ်သည်။ ပဏာမ မြန်မာ ယူ၂၃ အသင်းသည် ထိုင်းနိုင်ငံတွင် နေထိုင်လေ့ကျင့်မှုများ ပြုလုပ်ပြီး ထိုင်းလိဂ် ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ကစားကာ အပြီးသတ် ကစားသမားစာရင်းအား ဆက်လက်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိကစားသမား စာရင်းတွင် မလေးရှားကလပ် ဆီလန်ဂေါမှ ဟိန်းထက်အောင် ပါဝင်လာခြင်း မရှိသေးဘဲ ဆီးဂိမ်းစ် ပြိုင်ပွဲနီးမှသာ ယူ၂၃ အသင်းနှင့် ပူးပေါင်းနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


#MyanmarNationalPost


No comments:

Post a Comment