Pages

Pages

ဇေယျာသီရိမြို့နယ်ရှိ သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း


MNP ၊  ဧပြီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ နယ်မြေ (၄)၌ ‌မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။


လှူဒါန်းပေးရာတွင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် ဝန်ထမ်းများက သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် အိမ်ခြေ ၁၀၀ ခန့်အား သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် ရေဂါလန် ၃၀၀၀ ကို အိမ်ထောင်စုအလိုက် စနစ်တကျ ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment