Pages

Pages

ငပလီမြို့၌ဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ်



MNP ၊  ဧပြီ ၇

                    သံတွဲခရိုင်၊ငပလီမြို့၌ယနေ့  မွန်းလွဲ(၁း၀၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်(၂၀၂၂)ခုနှစ်စာစောင် ​​ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


                       ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ဒေါ်မြင့်မြင့်အေးကနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်(၂ဝ၂၂)ခုနှစ်စာ​​စောင်ပါနိုင်ငံဝန်ထမ်းသစ္စာအဓိဌာန်(၆)ချက်၊နိုင်ငံ့ဝန်ထမ်းများထမ်းဆောင်ရမည့်တာဝန်(၃)ရပ်၊နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်(၃ဝ)ပါးအားရှင်းလင်းပြော​​​ကြားသည်။


     ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက် ဲကြသည့်ဝန်ထမ်းများကဝန်ထမ်းတစ်ဦးချင်းလိုက်နာ​စောင့်ထိန်းရမည့်ကျင့်ဝတ်(၁၂)ပါး  ကိုဖတ်ကြားပြီး မြို့နယ်ဦးစီးမှူးက ခေါင်းစဉ် တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment