Pages

Pages

ဆော်ဒီလိဂ်က လာတဲ့ ကောလဟလတွေကို လုံးဝငြင်းပယ်လိုက်တဲ့ လူကာမိုဒရစ်



MNP - ဧပြီ  ၁


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္ဓဝင်ကွင်းလယ်တိုက်စစ်ကစားသမားကြီး လူကာ မိုဒရစ်က ဆော်ဒ်ီလိဂ်ကို ပြောင်းရွှေ့မှာလား ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး "စာနယ်ဇင်းတွေမှာ သတင်းတွေ အမြဲရေးနေတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ကျွန်တော် ဒီလိုပဲ အကြိမ်ကြိမ်ပြောခဲ့ပြီး ရီးရဲလ်မှာ ဆက်နေချင်တယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး လူကာ မိုဒရစ်က  “ကျွန်တော် ရီးရဲလ်မက်ဒရစ်မှာ အနားယူချင်ပါတယ်၊ ဒါက အရမ်းကောင်းမှာပါ၊ဆက်လက် စောင့်ကြည့်ကြတာပေါ့"လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment