Pages

Pages

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကောင်းမှုကုသိုလ်ပြုကြရန် ပေါင်မြို့မဈေးကြီး၌ ဈေးဝယ်သူများဖြင့် ကြိတ်တိုး စည်းကားလျက်ရှိ







MNP ၊  ဧပြီ ၁၆

မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်တွင်   နှစ်ဆန်းတစ်ရက်နေ့ တွင်ကုသိုလ်ကောင်းမှုပြုလုပ်ရန်အတွက်ဈေးဝယ်သူများဖြင့်စည်းကားလျက်ရှိသည်။


နှစ်ဆန်းတစ်ရက်နေ့ နေ့ထူးနေ့မြတ်တွင် ဘုရားဆင်းတုတော်များအား ရေသပ္ပါယ်ခြင်း၊သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ခြေသည်းလက်သည်းများညှပ်ပေးခြင်းဖြင့်ကုသိုလ်ယူခြင်း ဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊အုံးလက်မဏ္ဍပ်မျာထိုးကာ မုန့်လက်ဆောင်း၊ရွှေရင်အေး၊မွန်ရိုးရာသင်္ကြန်ထမင်း၊သင်္ကြန်ရိုးရာအစားအစာမုန့်လုံးရေပေါ်များကျွေးကာ စည်းကားလျက်ရှိသည်။


ထို့ပြင်ပေါင်မြို့နယ် နေရာဒေသအသီးသီးတွင် ရေပက်ခံထွက်ကာ ရေကစားမဏ္ဍပ်များ၌ နောက်ဆုံးနေ့ ရေကစားကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment