Pages

Pages

ဇေယျာသီရိမြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရားတော်နာ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ


MNP ၊  ဧပြီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အန္တရာယ်ကင်းပရိတ်တရားတော်နာ ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား အလှူငွေနှင့် အလှူပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment