Pages

Pages

ကိုဒီဂတ်ပိုက ခံစစ်မှူးအဖြစ်တောင် ကစားနိုင်တယ်လို့ ယာဂင်ကလော့ပ်ချီးကျူး



MNP - ဧပြီ  ၂၃


လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်က တောင်ပံကစားသမား ကိုဒီဂတ်ပိုနဲ့ပတ်သက်ပြီး "ကိုဒီဂတ်ပိုက  စောစောစီးစီ PSV အသင်းခေါင်းဆောင်ဘယ်လိုဖြစ်လဲဆိုတာ မသိခဲ့ပါဘူး၊ သူက ၂၃နှစ်ပဲရှိသေးတဲ့ လူငယ်ကစားသမားလေးလို့ ထင်ခဲ့တယ်၊ သူက အလွန်ထက်မြက်တဲ့ ကလေးပါ၊ တကယ်ကို ပွင့်လင်းပြီး တကယ့်အသင်းကစားသမားပါ။" လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ယာဂင်ကလော့ပ်က “ဒါအပြင် သူက တကယ်ကောင်းတဲ့ ဘောလုံးသမားပါ၊ သူက နေရာတိုင်းမှာ ကစားနိုင်တယ်၊ ဗဟိုခံစစ်နေရာမှာတောင် ကစားနိုင်တယ်”လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment