Pages

Pages

အဲရစ်တန်ဟတ်ကြောင့် မန်ယူမှာသာ ဆက်နေလိုတဲ့ ဆဘစ်ဇာ



MNP - ဧပြီ  ၁၃


ဘိုင်ယန်မြူးနစ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ရာသီဝက်အငှားဖြင့် လာရောက်ကစားတဲ့ သြစတြီးယားကွင်းလယ်ကစားသမား မာဆယ်လ် ဆဘစ်ဇာဟာ မန်ယူအသင်းမှာ ဆက်နေဖိုက့ သူရဲ့ ဦးစားပေးဖြစ်ကြောင်း သိရသည်။


 မာဆယ်လ် ဆဘစ်ဇာက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး "ဟုတ်ပါတယ်၊ ကျွန်တော့် အတွေးတွေက မန်ချက်စတာ ယူနိုက်တက် အတွက်ပါပဲ၊ အထူးသဖြင့် အဲရစ်တန်ဟတ်ဆီက ရလာတဲ့ ယုံကြည်မှုတွေ ကြောင့် အရမ်း ကောင်းပါတယ်"ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဆဘစ်ဇာက "ကျွန်တော် ဒီနေရာကို ရှာတွေ့ခဲ့ပါတယ်၊ အခု ကျွန်တော် ပရီးမီးယားလိဂ်ကို သိပြီးဖြစ်ပြီး ပိုကောင်းတဲ့ အရာမရှိဘူးလို့ ပြောနိုင်ပါတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment