Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ရိုးရာနံ့သာသွေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ






MNP ၊  ဧပြီ ၁၂

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ကြီးမှူး၍ ရခိုင်ရိုးရာ နံ့သာသွေးပွဲတော်ကို ယနေ့၊ နံနက်(၉)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ရှေ့ဦးစွာရခိုင်ရိုးရာနံ့သာသွေးပွဲတော်ကို ရက္ခိတရခိုင့်မင်္ဂလာစည်တော်များဖြင့် သံပြိုင်တီးခတ် ဖွင့်လှစ်ပေးပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းက ရခိုင်ရိုးရာ နံ့သာသွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။


     ထိုနောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲကို အသင်းအဖွဲ့(၁၂)ဖွဲ့တို့က အင်တိုက်အားတိုက် ပါဝင်ဆင်နွဲခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ လာကြည့်ရှုအားပေးခဲ့ကြသည်။


      အဆိုပါ နံသာသွေးအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး၊ ယနေ့ ညနေ(၄)နာရီအချိန်တွင် လောကမာရဇိန်ဘုရားကြီး သိမ်တော်မှ စတင်ကာ မြို့တွင်းတစ်ပတ် စီတန်းလှည့်လည်၍ ဘုရားရေသပ္ပာယ်ရေးကို ဆက်လက်ဆင်နွဲသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment