Pages

Pages

ဂွမြို့၌ လူငယ်ရေးရာအသိပညာပေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ




MNP ၊  ဧပြီ ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  လူငယ်ရေးရာအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့၊ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


လူငယ်ရေးရာ အသိပညာပေး လုပ်ငန်းများအဖြစ် "သက်ငယ်မုဒိမ်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေး" အသိပညာပေး ဟောပြောပွဲနှင့် "အကြမ်းဖက်မှုကိုကာကွယ်ပါ " အသိပညာပေး (TalkvShow) များကိုဆောင်ရွက်ခဲ့ရာ လူငယ် လူရွယ်များအနေဖြင့် လူမှုအသိုင်းအဝိုင်းများနှင့် အဆင်ပြေနိုင်စေရေး၊ အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်မှုမှ ကင်းဝေးစေပြီး ကြိုတင်ကာကွယ်ရေးအစီအစဥ်များ ပါဝင်ကြောင်းနှင့် အကြမ်းဖက်ခြင်းအမျိုးအစားများအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး (Talk Show)လုပ်ငန်းများကို လစဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် Facebook Page များတွင် လွှင့်တင်ဖော်ပြပေးလျက်ရှိကြောင်း  သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment