Pages

Pages

ကျိန္တလီမြို့၊ ရှောက်ကုန်းကျေးရွာတွင် (၁၆)ကြိမ်မြောက် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်




MNP ၊  ဧပြီ ၁၇

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ရှောက်ကုန်းကျေးရွာတွင်  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူငယ်များ၊ ကျေးရွာနေပြည်သူများပူးပေါင်း၍ (၁၆)ကြိမ်မြောက် အသက်(၇၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ၁၃၈၅ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက ရှောက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။


    ရှေးဦးစွာ ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာကြသူများက ဘိုးဘွားများအား သြကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ပူဇော်ကန်တော့ခံရန် လာရောက်ကြသည့် အသက် (၇၀)နှစ်နှင့်အထက် အဘိုးအဘွား (၄၅)ဦးတို့ကို တစ်ဦးလျှင် အလှူငွေကျပ် (၁၀၀၀၀)နှင့် လှူဖွယ်ပစ္စည်းများကို ပရဟိတလူငယ်များနှင့် ကျေးရွာပြည်သူများက ပေးအပ်ကန်တော့ခဲ့ကြ သည်။


    ထို့နောက် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ကန်တော့ခံရန် တက်ရောက်လာသော ဘိုးဘွားများကိုယ်စား အဘိုး ဦးသောင်းရွှေက ကျမ်းမာချမ်းသာစေကြောင်း ဆုပေးစကား ပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများအား အအေးဖြင့်ဧည့်ခံ ခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment