MNP ၊ ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များက စာအုပ်စာစောင်များကိုလာရောက် ငှားရမ်းဖတ်ရှု့လျက်ရှိသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေမည့် သုတ/ရသ စာအုပ် စာစောင်များ ငှားရမ်းပေးခြင်း၊ ကလေးစာဖတ်ခန်းမှ ကလေးစာပေများ၊ ရောင်စုံစက္ကူနှင့် ဆေးရောင်ခြယ်ခဲတံများ စသည့် အားကစားပစ္စည်းများ ထားရှိပေးပြီး ပုံပြင်ပြောပြခြင်း၊ စက္ကူခေါက်ပြခြင်း၊ ပြိုင်ပွဲများကျင်းပပေးခြင်း စသည့်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူ များအတွက် သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများအနေဖြင့် Talk Show၊ စာအုပ်မိတ်ဆက်၊ ပုံပြင်ပြော၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ ကဗျာရွတ်ခြင်း အစီအစဥ်များနှင့် အခြားဗဟုသုတများဖြစ်စေမည့် အကြောင်းအရာ အစီအစဥ်များကို ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Sinbaungwe Facebook Page တို့မှတစ်ဆင့် ရိုက်ကူးလွှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment