Pages

Pages

မြန်အောင်ခရိုင်ကြက်ခြေနီအသင်းမှ ထိန်ပင်မြောင်အောက်စု မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

 




MNP ၊  ဧပြီ ၁၁

ဧရာဝတီတိုင်းဒေသကြီး   ၊မြန်အောင်ခရိုင်ကြက်ခြေနီအသင်း တပ်ဖွဲ့မှူးဦးဆောင်ပြီး  ကြံခင်းမြို့နယ်ပိုးစုကြီးအုပ်စု    ထိန်ပင်မြောင်အောက်စုတွင်   မီးဘေးသင့်ပြည်သူများအား    ကယ်ဆယ်ရေးပစ္စည်းများကို  ယမန်နေ့နံနက်ပိုင်းက ပိုးစုကြီးအုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း  သိရသည်။


ထိုသို့ထောက်ပံ့ပေးရာတွင် မြန်အောင်ခရိုင်ကြက်ခြေနီအသင်း တပ်ဖွဲ့မှူးဦးမိုးမြင့်ခိုင်နှင့် သူနာပြုတပ်ဖွဲ့ဝင်များက ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့် တပ်ဖွဲ့ဝင်များနှင့်အတူ ဧပြီ(၇)ရက်နေ့က  မီးဘေးသင့်အိမ်ထောင်စု(၄)စုအား အိမ်ထောင်စု တစ်စုလျင်  မီးဖိုချောင်သုံးပစ္စည်း(၆)မျိုးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုးပါပုံးများကို  လက်ဝယ်အရောက်  ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment