Pages

Pages

တောင်ကုတ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster)ထိုးနှံပေးလျက်ရှိ




MNP ၊  ဧပြီ ၂၄

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊တောင်ကုတ်မြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး နှင့် ထပ်ဆောင်း ကာကွယ်ဆေး(Booster)ထိုးနှံခြင်းကို ယနေ့ နံနက်(၈)နာရီမှစ၍ တောင်ကုတ်မြို့နယ်ခန်း၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလျက်ရှိရာတွင် ပထမအကြိမ် ၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့်ပြည်သူများအားထိုးနှံပေးလျက်ရှိရာ ပြည်သူ(၂၄၈)ဦး သို့ထိုးနှံပေးခဲ့ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။ 


ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Booster)ထိုးနှံရာတွင် အဆင်ပြေစေရန်အတွက် ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များကကူညီ ဆောင်ရွက်လျက်ရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment