Pages

Pages

မိုင်းလုံမြို့ မီးသတ်တပ်ဖွဲ့စခန်းရှိ (CNJ) မီးသတ်ရေသယ်ယာဉ်ပြုပြင်နိုင်ရေး အစည်းအဝေးဆောင်ရွက်



MNP ၊  ဧပြီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ မီးသတ်တပ်ဖွဲ့စခန်းရှိ(CNJ) မီးသတ်ရေသယ်ယာဉ်ပြုပြင်နိုင်ရေး အစည်းအဝေးကို ယမန်နေ့က မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌သောင်းထွဋ်လင်းက အဖွင့်အမှာစကားပြောကြားပြီး‌နောက် နယ်မြေမီးသတ်စခန်းမှ တာဝန်ခံဦးအောင်မျိုးလတ်က ရေသယ်ယဉ်ပြုပြင်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ နမ့်ပိန်ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးကရင်ကယာဉ်ပြုပြင်ရာတွင် ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သောပညာရှင်ကိုလည်း ဆက်သွယ်မေးမြန်းပေးမည့်ဖြစ်ကြောင်းဆွေးနွေးပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ယဉ်ပြုပြင်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် မီးသတ်ဦးစီးဌာနတို့ပါဝင်သည့် ကော်မတီဖွဲ့စေပြီး ပြုပြင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သောလုပ်ငန်းများကိုလည်း ပေါင်းစပ်ညှိနှိုင်းပေးမည်ဖြစ်ကြောင်းကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌သောင်းထွဋ်လင်း ဖြည့်စွက်ပြောကြားခဲ့သည်။


အစည်းအဝေးတွင် မိုင်းလုံမြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဇော်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment