Pages

Pages

ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကာယဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ



MNP ၊  ဧပြီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပဟဠိအဖြေညှိခေါင်းစဉ်ဖြင့် ဉာဏ်စမ်းများဖြေဆိုခြင်း၊ စကားထားဝှက်ခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။


အဆိုပါပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူ(၃၅)ဦးမှ ဝင်ရောက်ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။


မိုင်းထွန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment