Pages

Pages

မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ငွေစာရင်း Solfware ရေးသွင်းနည်း သင်တန်းဖွင့်လှစ်

 



MNP ၊  ဧပြီ ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ငွေစာရင်း Solfware ရေးသွင်းနည်း သင်တန်းကို ယမန်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းကိုဝန်ထမ်းများအားလုံးမှ စိတ်ပါဝင်စားစွာ တက်ရောက်ပေးစေလိုကြောင်း ပြောကြားပြီး သင်တန်းတွင် ကွန်ပျူတာအတွင်းသို့ လစဉ်ငွေစာရင်း အသုံးစရိတ်များ မှန်ကန်စွာဖြင့် Solfware ရေးသွင်းခြင်းနှင့်ပြောင်းဝင်/ ထွက် စာရင်းများမှန်ကန်စေရေးအတွက် Solfwareရေးသွင်းခြင်းများကို မော်လမြိုင်ခရိုင်ရုံးမှ အငယ်တန်းစာရေး ဒေါ်ခင်ခင်ထွန်းက လက်တွေ့ သင်ကြားပေးသွားကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment