Pages

Pages

တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ တောင်သူအသိပညာပေး Talk Show ပြုလုပ်


MNP ၊  ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ တောင်သူအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။


အဆိုပါအသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ယခုလရာသီတွင် စိုက်ပျိုးရမည့် လယ်ယာမြေကိစ္စရပ်များနှင့်ပက်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များနှင့် ပြုလုပ်ပုံအဆင့်ဆင့်ကို မေးမြန်းဆွေးနွေးရာ တံတားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းထွန်းက ဆောင်းသီးနှံ၊ ပဲသီးနှံရိတ်သိမ်းအပြီး တောင်သူများအနေဖြင့် မိုးစပါးသီးနှံစိုက်ပျိုးရာတွင် မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ နွေထည်ရေး ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီး တောင်သူများအနေဖြင့် မိုးစပါး၊ မိုးကြို၊ ကျဲ၊ စိုက်ပျိုးခြင်းလုပ်ငန်းများ၊ (၄)လအကုန် (၅)လအတွင်း စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မိုးစပါးမျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရမည့် မိုးစပါးများနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး၊ ရေမြေဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဖြိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment