Pages

Pages

လိပ်သိုမြို့ (Community Centre) ခန်းမ၌ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်


MNP ၊  ဧပြီ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်လူငယ်များ စာဖတ်ခြင်းဖြင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့နံနက်  ၁၀ နာရီက လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ခြင်းသည် ရေဖြစ်၍ ဘဝသည်ကြာဖြစ်ကြောင်း၊ ရေပြည့်မှ ရေမြင့်မှသာလျှင် ကြာတင့်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် တိုးတက်မှု၊ စာဖတ်ခြင်းသည် အောင်မြင်မှုဟူ၍ မှတ်ယူထားသင့်ပါကြောင်း Talk Show ဆွေးနွေးပွဲ အစီအစဉ် ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။


ဆက်လက်ပြီး စာပေဝါသနာရှင်(Book Club)အဖွဲ့ဝင် စောအယ်ရှီးက ယနေ့လူငယ်များသည် လေ့လာ၍ မကုန်နိုင်သော ဘ၀တက္ကသိုလ်ကြီးများဖြစ်သော စာကြည့်တိုက်များသို့ သွားရောက်၍ စာဖတ်ခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကို သိရှိလာကြပေမည်ဖြစ်ကြောင်း၊ လူကြီးလူငယ်မဟူ စာဖတ်ဘ၀မှ တိုးတက်မြင့်မားနိုင် ပေမည်ဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ စာဖတ်ကြခြင်းဖြင့် ထိုနိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ လူမှုဆက်ဆံရေးတို့တွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ စာပေသည် လူသားတို့ အပေါ်တွင် ကျေးဇူးများလှပါကြောင်း၊ လူသားတို့၏ ဆင့်ကဲပြောင်းလဲ လာမှုတွင် စာပေသည် အရေးကြီးဆုံးကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း၊ စာပေသည် လူသားတို့အား ဉာဏ်အလင်းရောင်ပေးခဲ့ပါကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။


လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီံးစီးဌာနအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက်  အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost



No comments:

Post a Comment