Pages

Pages

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၂)(အခမဲ့)ဖွင့်လှစ်


MNP ၊  ဧပြီ ၁၉

နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်း ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကြွယ်ဝစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန၊(Community Centre)တွင် ယနေ့၊ နံနက် ၁‌၀ နာရီက အခြေခံကွန်ပျူတာသင်တန်းအမှတ်စဥ်(၂) (အခမဲ့)ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှူးက အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်ရခြင်းနှင့် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဆောင်ရွက်လျက်ရှိသော သင်တန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကွန်ပျူတာသင်တန်းနည်းပြက Microsoft word ၊ Excel ၊ Power point တို့ကို အခြေခံမှစ၍ သင်ကြားပို့ချ‌ပေးသွားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီလ ၁၈ ရက် မှ မေလ ၁၂ ရက်နေ့အထိ၊ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စန္ဒာမိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment