Pages

Pages

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မြန်မာ့သိုင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ



MNP ၊  ဧပြီ ၄

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာ့သိုင်းပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ယမန်နေ့၊ နေ့လယ် ၁ နာရီက ကျင်းပသည်။


ရှေးဦးစွာ ပြန်/ဆက်ဦးစီးဌာန၊ အနောက်ပိုင်းခရိုင်မှူးက ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


မြန်မာ့သိုင်းပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသား/သူများကို ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


စန္ဒာမိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment