Pages

Pages

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်





MNP ၊  ဧပြီ ၇

    ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်လျက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။


    ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ

ဒေါ်တင်တင်စိန်က ဝန်ထမ်းများအား စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်း

ပြောကြားပြီး ရုံးလုပ်ငန်းလက်စွဲစာအုပ် အခန်း(၇)ပါ ရုံးစာရေးသားနည်းကို  ဦးဆောင်ဖတ်ကြားသည်။  ယင်း

နောက် ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက အခန်း(၁၁)ပါ ​အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားသည်။ 


ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်​ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment