Pages

Pages

Live Streaming လွှင့်နေရင်း နှလုံးရောဂါထဖောက်ခဲ့တဲ့ မန်စီးတီးဂန္ဓဝင် အဂွဲရိုး



MNP - ဧပြီ  ၁


မန်ချက်စတာစီးတီးအသင်းနှင့် အာဂျင်တီးနားလက်ရွေးစင်အသင်းတို့၏ ဂန္ထဝင် တိုက်စစ်မှူးကြီး  ဆာဂျီယိုအဂွဲရိုးဟာ လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်သည့် Twich တွင် Live Streaming ပြုလုပ်နေစဉ်တွင် နှလုံးထဖောက်သဖြင့် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရှိရသည်။


အဂွဲရိုးသည် Live လွှင့်နေစဉ် အတွင်း၌ပင် သူ၏ ရင်ဘတ်ကိုဖိကာ  အစီအစဉ်ကို ရပ်နားခဲ့ရပြီး အဂွဲရိုး၏ဖြစ်စဉ်ကို ပရိသတ်များက မြင်တွေ့ခဲ့ရသည်ဟုလည်း သိရှိရသည်။ အဂွဲရိုးသည် နှလုံးရောဂါ စတင်ခံစားလာရချိန်တွင် ဆရာဝန်ကိုခေါ်ပေးရန် အကူဖြစ်သူကို တောင်းဆိုခဲ့ကာ ဆေးကုသရန်လိုမည်မထင်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ကုသမှုခံယူခဲ့ရသည်ဟု သိရှိရသည်။ 


အဂွဲရိုးသည် မန်စီးတီးအသင်းတွင် ကာလရှည်ကစားခဲ့ပြီးနောက် မက်ဆီနှင့် တွဲဖက်ကစားရန် ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ သို့ရာတွင် အဂွဲရိုး ဘာစီလိုနာသို့ ရောက်ရှိချိန်၌ပင် မက်ဆီက PSG အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး အဂွဲရိုးမှာလည်း သိပ်မကြာမီ နှလုံးရောဂါအခြေအနေကြောင့် ကစားသမားဘဝမှ အနားယူခဲ့ရခြင်းဖြစ်သည်။

 

အဆိုပါ အသက် ၃၄နှစ်အရွယ် အာဂျင်တီးနားသားသည် ဘာစီလိုနာကစားသမားအဖြစ် (၂)လသာ ကစားခဲ့ပြီး  နှလုံးရောဂာကြောင့် အနားယူခဲ့ရပြီးနောက် Twich တွင် Streamer တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment