Pages

Pages

အမ်းမြို့နယ်အတွင်း အသေးစားအလတ်စား MSME လုပ်ငန်းရှင်များအားမှတ်ပုံတင်ကပ်ပြားများပြုလုပ်ပေးလျက်ရှိ







MNP ၊  ဧပြီ ၂၁

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ အသေးစားအ လတ်စား MSME လုပ်ငန်းရှင်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် MSME လုပ်ငန်းရှင်များတွေဆုံပွဲ လမ်းညွှန်ချက်အရ အသေးစားအ လတ်စား MSME လုပ်ငန်းရှင်များအားယနေ့နံနက် ၁၀ နာရီအချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦး စီးဌာနမှ အသေးစားအလတ်စား MSME  မှတ်ပုံတင်ကပ်ပြားများအား  ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။


 အဆိုပါ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အသေးစားအလတ်စား MSME  မှတ်ပုံ တင်ကပ်ပြားများပြုလုပ်ပေးလျက်ရှိရာ ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးရွှေအေးက အသေးစားအလတ်စား MSME  မှတ်ပုံ တင်ကပ်ပြားပြုလုပ်ခြင်းနှင့်ပတ်သက်၍ လိုအပ်သောအချက်အလက်များအား ရှင်း လင်းပြောကြားခဲ့သည်။

 ဆက်လက်၍ အသေးစား၊ အ လတ်စား MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းကြရာ စက်မှုကြီးကြပ်ရေးနှင့် စစ် ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး‌ဖြေ ကြားကာ တက်ရောက်လာသည့် အသေးစား၊ အလတ်စား MSME လုပ်ငန်းရှင်များက မှတ်ပုံတင်ကပ်ပြားများအား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment