ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ၁၂ချက် ပစ်ခတ် သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ၁၂ချက် ပစ်ခတ် သတ်ဖြတ်


MNP ၊ ဧပြီ ၂၂

သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂)ရပ်ကွက်၊ ဝေဇယန္တရာလမ်း၊ အောင်ရတနာဆေးရုံ အနီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ အား ယနေ့ (၂ ၁၅) အချိန်ခန့်က NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ၁၂ချက် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

ဦးစိုင်းကျော်သူ(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြားရေးမှူးချုပ်) (၅၈)နှစ်(ဘ) ဦးစိုင်းစံအေး (အမှတ်-၁၁/ဘီ၊ ပထမထပ်၊ ဝေဇယန္တရာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်) သည် ဇနီးဖြစ်သူ ဒေါက်တာ ဆွေဆွေဝင်း(ဓါတ်မှန်ဆရာဝန်) အား အောင်ရတနာအထူးကုဆေးရုံသို့ ပို့ဆောင်ပြီး NPW 4L-2828 Honda Odyssey အနက်ရောင်ယာဉ်ဖြင့် တစ်ဦးတည်း ပြန်ထွက်လာစဉ် ဝေဇယန္တရာလမ်းပေါ်(၁၆-လမ်းဆုံအနီး အရောက်)၌ စိစစ်ဆဲမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် NPW 4L-2828 Honda Odyssey ယာဉ်၏ ရှေ့လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ  (၃)ချက်၊ ယာဘက် ရှေ့တံခါး၌ ကျည်ဖောက်ဝင်ရာ  (၂)ချက်၊ ယာဘက် အလယ်ဘောင် ၌ ကျည်ဖောက်ဝင်ရာ  (၃)ချက်၊ ဝဲဘက် ရှေ့တံခါး၌ ကျည်ဖောက်ဝင်ရာ  (၁)ချက် ကျည်ထိမှန်ခဲ့သည်။

 ဦးစိုင်းကျော်သူ ၌ လည်ပင်းဝဲဘက် ထိမှန်ဒဏ်ရာ (၁)ချက်၊ ယာနား နောက် ထိမှန်ဒဏ်ရာ (၁)ချက်၊ ယာလက်ဖျံ ထိမှန်ဒဏ်ရာ (၁)ချက်၊ ယာလက်ကောက်ဝတ် ထိမှန်ဒဏ်ရာ (၁)ချက်၊ ဝဲချိုင်းနောက် ထိမှန်ဒဏ်ရာ (၁)ချက်(စိုးရိမ်ရ)ထိမှန်ခဲ့ကာ မော်တော်ယာဉ်မှာလည်း လမ်းဘေးရှိ ဓါတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9 MM ကျည်ခွံ စိစစ်ဆဲ (၁၂)ခု တွေ့ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဦးစိုင်းကျော်သူ 28th Intake အား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများမှာ စက်ဘီးဖြင့်လာပြီး ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)