MNP ၊ ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာတွင် PDF အကြမ်းဖက်သမားများ လှုပ်ရှားနေကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေးအဖွဲ့များမှ ယနေ့နံနက်ပိုင်းက သွားရောက်ရှင်းလင်းရာ PDF အကြမ်းဖက်များနှင့် လက်နက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် အသုံးဆောင် ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုနယ်အတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များထံ တာဝန်သိပြည်သူ့များ၏ သတင်းပေးမှုများအရ ကလေးမြို့နယ်၊ သာစည်ကျေးရွာ ဝန်းကျင်တွင် PDF အကြမ်းဖက်သမားများသည် ဒေသအတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား ဒုက္ခပေးနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ သာစည်ကျေးရွာအား ပိတ်စို့ရှင်းလင်းရာ PDF အကြမ်းဖက်သမား ၁၀ဦး ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ PDF အကြမ်းဖက်သမားများထံမှ SIG SAUER ပစ္စတိုသေနတ် ၁ လက်၊ အမ်-၄ ကာဘိုင်သေနတ် ၁ လက်၊ ၉ မမကျည်အိမ် ၁ ခု၊ ၃၅ တောင့်ဝင်ကျည်အိမ်(အမ်အေ) ၂ ခု၊ ၉ မမကျည် ၉ တောင့်၊ ၅.၅၆ မမကျည် ၄၅ တောင့်၊ ၇.၆၂ မမကျည် ၂ တောင့်၊ အမ်-၂၂ ကျည် ၃ တောင့်၊ ၁၂ ဗိုကျည် ၄၂ တောင့်၊ အိုင်ကွန် ၂လုံး၊ ပြောက်ကျားယူနီဖောင်း ၁၀ စုံ၊ ဆေးခြောက် ၁ထုပ်၊ ဆေးမျိုးစုံ ၂ထုပ်၊ ကျည်ကာအင်္ကျီ ၁ထည်၊ Toyota Crown (ခဲရောင်)ယာဉ် ၁စီး၊ ဖုန်းမျိုးစုံ ၆ လုံး၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ကျောပိုးအိတ် ၉ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများအနေဖြင့် အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်လာကြသည်ကို တွေ့မြင်ရပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက် ဂုပ်သွေးစုပ်နေသော အကြမ်းဖက်သမားကို စဉ်ဆက်မပြတ် ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်လာရသည်။
#MyanmarNationalPost



No comments:
Post a Comment