PDF အကြမ်းဖက်သမားများက ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာမှ လူနေအိမ်များအား မီးရှို့ဖျက်ဆီး၊ ကျေးရွာနေပြည်သူ ၃ ဦး အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ၆ ဦးအား မီးရှို့သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများက ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာမှ လူနေအိမ်များအား မီးရှို့ဖျက်ဆီး၊ ကျေးရွာနေပြည်သူ ၃ ဦး အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ၆ ဦးအား မီးရှို့သတ်ဖြတ်

 




MNP ၊ ဧပြီ ၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀၀ဦးခန့်သည် ၂၀၂၃ခုနှစ် မတ်လ ၃၀ရက်နေ့ ည၁၀နာရီ အချိန်တွင် တုန်ဖုန်းအမျိုးအစား မော်တော်ယာဉ် ၂စီး၊ ဆိုင်ကယ် ၂စီးတိုဖြင့် ရွာ၏အနောက်တောင်ဘက်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာကာ ကျေးရွာအတွင်းရှိ လူနေအိမ်များအား လူမဆန်စွာ မီးရှိဖျက်ဆီးခဲ့ရာ နေအိမ် ၆၂လုံးခန့်၊ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာသည်  ဒေသအတွင်း အေးချမ်းစွာဖြင့် လုပ်ကိုင်နေထိုင်ကြသည့် ကျေးရွာ ဖြစ်ပြီး PDF အကြမ်းဖက်သမားများသည် ကျေးရွာနေပြည်သူများက ၎င်းတို့အား ထောက်ခံမှု မရှိသောကြောင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ကျေးရွာနေပြည်သူ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦး၊ ပေါင်း ၃ဦး တို့အား ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်းနှင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ဦး ပေါင်း ၆ဦး တို့အား မီးရှိသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့များမှ သွားရောက်ရှင်လင်းရာ PDF အကြမ်းဖက်အဖွဲ့သည် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ ယုတ်မာရက်စက်မှုကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေး တိမ်ရှောင်းနေရပြီး ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌ အိမ်ခြေ ၂၀၂လုံး၊ အိမ်ထောင်စု ၂၀၅စု၊ လူဦးရေး ကျား ၃၇၄ဦး၊ မ ၅၂၆ဦး၊ စုစုပေါင်း ၉၀၀ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)