Pages

Pages

တွံတေးမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် အတာသင်္ကြန် သိကောင်းစရာအသိပညာပေး Talk Show ပြုလုပ်


MNP ၊  ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦး စီးဌာနနှင့်စာရေးဆရာမ ခင်အေးသိန်း(စဥ်/ကူ)တို့ ပူးပေါင်း ကျင်းပသည့် မြန်မာ့ရိုးရာ ယဥ်ကျေးမှုနှင့်အတာသင်္ကြန် အကြောင်းသိကောင်းစရာ Talk Show ကိုလုထုအခြေပြုဗဟိုဌာန( Community Centre) ၌ ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးနှင့် စာရေးဆရာမ ခင်အေးသိန်း(စဥ်/ကူ)တို့က တန်ခူးလတွင် ကျင်းပသော မြန်မာ့ရိုးရာ အတာသင်္ကြန် ဖြစ်ပေါ်လာပုံ၊ မြန်မာနှစ်သစ်ကူးနှင့်ရေကစားခြင်း၊ မြန်မာ့(၁၂) လရာသီနှင့် သင်္ကြန်ဆိုတာ၊  မြန်မာလူမျိုးများ၏ ချစ်မြတ်နိုးစရာ နှစ်သစ်ကူးတန်ခူး လမဟာသင်္ကြန်ပွဲ တော်အကြောင်း သိကောင်းစရာများစတဲ့ အချက်များအား ဗဟုသုတရရှိစေရန်၊ လူငယ်များသည် အတာသင်္ကြန်ကို ပါဝင်ဆင်နွဲရာတွင် ဆောင်ရွက်သင့်သည့် အချက်များ၊ ရှောင်ကြဉ်သင့် သည့်အချက်များ၊ မြန်မာ့ရိုးရာအတာသင်္ကြန်တွင် ယဉ်ကျေးမှုနှင့်အညီ ဆော့ကစားသင့်ပုံ၊ ကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်သင့်ပုံတို့ကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် ပြည်သူများအသိပညာ များတိုးပွား စေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက်ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြု လုပ်‌လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment