Pages

Pages

နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ မိုးခေါင်ရေရှားဘေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်


MNP ၊  ဧပြီ ၄

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မိုးခေါင်ရေရှားဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သဘာဝဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ဆွေဇင်မြင့်မှ မိုးခေါင်ရေရှား ဘေးအန္တရာယ်နှင့်ပတ်သက်၍ မိုးခေါင်ရေရှားဘေး ဖြစ်တတ်သည့်အချိန်များ၊ ရာသီအလိုက်ဖြစ်ပေါ်သော လက္ခဏာများ၊ မိုးခေါင်ရေရှား မဖြစ်စေရန် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မိုးခေါင်ရေရှားဘေး ဖြစ်ပေါ်ပြီးနောက် ရှောင်ရှားရမည့် အချက်များ၊ အရေးပေါ်သုံးပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အကျယ်တဝင့် ရှင်းလင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


သန်းအောင်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment