Pages

Pages

ကျိုက်ထိုမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP ၊  ဧပြီ ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ တို့ ပူးပေါင်းပြီးဧပြီ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မိုးမိုးလှိုင်က မူးယစ်ဆေးဝါးဆိုသည်မှာ၊မူးယစ်ဆေးဝါးသုံးစွဲသူများ၏လက္ခဏာများ၊မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိနိုင်သောဆိုးကျိုးများ 

စသည့် အကြောင်းအရာ တို့ကို  အကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။

   ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


ပြည့်ဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment