Pages

Pages

လူငယ်နှင့်အတာသင်္ကြန် အသိပညာပေး Talk Show ပြုလုပ်


MNP ၊  ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက လူငယ်နှင့်အတာသင်္ကြန်  အသိပညာပေးTalk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က တန်ခူးလတွင် ကျင်းပသော မြန်မာ့ရိုးရာ အတာသင်္ကြန် ဖြစ်ပေါ်လာပုံကို ဆွေးနွေးခဲ့သည်။


ယင်းနောက် ဒုတိယဦးစီးမှူးဒေါ်အေးအေးစိုးမှ လူငယ်များသည် အတာသင်္ကြန် ကိုပါဝင်ဆင်နွဲရာတွင် ဆောင်ရွက်သင့်သည့်အချက်များ၊ ရှောင်ကြဉ်သင့်သည့်အချက်များ၊ မြန်မာ့ရိုးရာအတာသင်္ကြန်တွင် ယဉ်ကျေးမှုနှင့်အညီ ဆော့ကစားသင့်ပုံ၊ ကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်သင့်ပုံတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment