Pages

Pages

ပေါင်မြို့နယ်တွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်



MNP ၊  ဧပြီ  ၁၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်သထုံခရိုင်   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကာ   အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ထို့နောက်  သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး  ဒေါ်ဖြိုးမို့အောင်နှင့်လက်ထောက်ဦးစီးမှုး နော်စန်းနိုင်ဦးတို့က စွန့်ပစ်ပစ္စည်းအမျိုးအစားများကိုရှင်းလင်း ပြောကြားပြီးစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း၊စွန့်ပစ်ပစ္စည်းများကိုစည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့်မြေထု၊လေထု၊ရေထုများပြောင်းလဲပြီး လူအများကျန်းမာရေးထိခိုက်နိုင်ကြောင်း၊စွန့်ပစ်ပစ္စည်းများကိုစနစ်တကျစွန့်ပစ်ခြင်းဖြင့်ရရှိလာနိုင်သည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊မြန်မာနိုင်ငံအနေဖြင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သတ်ပြီးလုပ်ဆောင်နေမှုများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment