Pages

Pages

ရွှေကျင်မြို့တွင် လူငယ်နှင့်အတာသင်္ကြန် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်


MNP ၊  ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက လူငယ်နှင့်အတာသင်္ကြန်  အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဲစု‌အောင်က တန်ခူးလတွင် ကျင်းပသော မြန်မာ့ရိုးရာအတာသင်္ကြန် ဖြစ်ပေါ်လာပုံကို ဆွေးနွေးခဲ့ပြီး ရွှေကျင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းဝင်း(သာထက်အောင်)က  လူငယ်များသည် အတာသင်္ကြန်ကို ပါဝင်ဆင်နွဲရာတွင် ဆောင်ရွက်သင့်သည့်အချက်များ၊ ရှောင်ကြဉ်သင့်သည့်အချက်များ၊ မြန်မာ့ရိုးရာအတာသင်္ကြန်တွင် ယဉ်ကျေးမှုနှင့်အညီ ဆော့ကစားသင့်ပုံ၊ ကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်သင့်ပုံတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment