Pages

Pages

11 th Junior Soccer World Challenge 2023 ပြိုင်ပွဲအား မြန်မာ လူငယ်အသင်း ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်မည်


MNP ၊ မေ ၃၀

ဂျပန်နိုင်ငံ၊ Chiaba မြို့တွင် သြဂုတ် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမည့် 11th Junior Soccer World Challenge  2023 ပြိုင်ပွဲအား မြန်မာ အမျိုးသား ယူ - ၁၂ အသင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Junior Soccer World Challenge ပြိုင်ပွဲအား ၂၀၁၃ ခုနှစ်မှ စတင်ကာ ကျင်းပနေခြင်း ဖြစ်ပြီး ဥရောပ အသင်းများဖြစ်သည့် နာမည်ကျော် ဘာစီလိုနာ၊ လီဗာပူး၊ အာဆင်နယ်၊ အက်စ်ပါးညို၊ ဂျပန်၊ တရုတ်၊ မက္ကဆီကို စသည်တို့မှ ယူ၁၂ လူငယ်အသင်းများ ပါဝင်ယှဉ်ပြိုင်ထားကြသည်။ 

၂၀၁၃ မှ ၂၀၁၉ အထိ ဘာစီလိုနာ ယူ၁၂ အသင်းက  ၅ ကြိမ် ဗိုလ်စွဲထားပြီး နိုင်ဂျီးရီးယား လူငယ်နှင့် အက်စ်ပါးညို လူငယ်တို့က တစ်ကြိမ်စီ ဗိုလ်စွဲထားကြသည်။ ယခုနှစ် ပြိုင်ပွဲတွင် မြန်မာက ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခံရခြင်း ဖြစ်ပြီး စပိန်ကလပ် ဘာစီလိုနာ၊ အီတလီကလပ် ဂျူဗင်တပ် တို့မှလူငယ်အသင်းများ၊ ဂျေလိဂ်လူငယ်အသင်းများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

လက်ရှိ ဘာစီလိုနာ အသင်း၏ Eric García နှင့် Ansu Fati တို့သည် ၂၀၁၃ Junior Soccer World Challenge ပြိုင်ပွဲတွင် ဘာကာ လူငယ်အသင်းမှပါဝင် ကစားခဲ့သူများဖြစ်သည်။ 

ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ၁၂ အသင်းအား မြန်မာဘောလုံး အကယ်ဒမီများမှ ကစားသမားများနှင့် Scouting ပြုလုပ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကစားသမားများအား အခြေခံ၍ ရွေးချယ်ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းပမည့် 11 th Junior Soccer World Challenge  2023 ပြိုင်ပွဲအား စုစုပေါင်း ၃၂ သင်းပါဝင်ယှဉ်ပြိုင်

သွားမည်ဖြစ်ပြီး ၄ သင်းပါ အုပ်စု ၈ ခုခွဲကာ ပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယရသော အသင်းများ ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲ ပွဲစဉ်များကစားသွားမည်ဖြစ်သည်။ Max Energy အနေဖြင့်  11th Junior Soccer World Challenge  2023 ပြိုင်ပွဲဝင် မြန်မာ အမျိုးသား ယူ - ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အတွက် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment