Pages

Pages

နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေးအင်အား အသင့်စုဖွဲ့ထားရှိမှုအား ကြည့်ရှုစစ်ဆေး



MNP ၊ မေ  ၉

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေးအင်အား အသင့်စုဖွဲ့ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းသန်းထိုက်နှင့် တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုအပြင် သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များဖြစ်သော၊ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ တောင်ပေါ်ဒေသဖြစ်သည့်အတွက် မြေပြိုဘေး၊ ယဉ်မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment