ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသများအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသများအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



MNP ၊ မေ  ၂၇

မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (Mocha) ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကုန်သည်စက်မှု အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် တက်ရောက်ခဲ့သည်။


အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြန်မာနိုင်ငံကို မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့မှုကြောင့် လူမှုစီးပွား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် မုန်တိုင်း ဒဏ်ခံ ဒေသများရှိ ကျေးလက်နေ ပြည်သူများအတွက် လိုအပ်သောအသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကော်မတီ အနေဖြင့် အမြန်ဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းဆွေးနွေး ခြင်းဖြစ်ပါကြောင်း၊ ပျက်စီးမှုများအတွက် စာရင်းကောက်ယူပြုစုပြီး အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရန် လိုအပ်သည့် တာလပတ်များ၊ အမိုးသွပ်များ ပို့ဆောင်ခြင်း၊ မုန်တိုင်းဒဏ် ခံဒေသများသို့ ရေသန့်များ၊ ရေသန့်ဆေးဝါးမျာ၊ ကလိုရင်းများ၊ Hygiene Kit များ ၊ ရေသန့်စင်စနစ် Life Stall Community ၊ ရေပုံးများအား သက်ဆိုင်ရာ ဒေသအသီးသီးသို့ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိခြင်း၊  သဘာဝ ဘေးကြောင့် စက်ရေတွင်းများ ရေနစ်မြုပ်ခဲ့သည့် စလင်းမြို့တွင် လေမှုတ်စက်များဖြင့် တွင်းဆေး/တွင်းမှုတ် ဆောင်ရွက်ကာ ရေရရှိရေး ဆောင်ရွက်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် လိုအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်  ပူးပေါင်းချိတ်ဆက်ပြီး ကြိုးပမ်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ကုန်သည်စက်မှု အသင်းချုပ်၏ ညီနောင်အသင်းတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းပိုင် ဆောက်လုပ်ပြီးစ ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်း အဆောက်အဦးရုံးသစ်အား ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခံရမှုကြောင့် (၁၀၀) ရာခိုင်နှုန်း ပျက်စီး ဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မုန်တိုင်းဝင်သည့် နေ့တွင် အသင်းချုပ်ဥက္ကဋ္ဌ၏ လမ်းညွန်မှုဖြင့် မိုခါမုန်တိုင်းဒဏ်သင့်သည့် ဒေသများကို ကူညီရန်အတွက် Task Force တစ်ရပ် အမြန်ဖွဲ့စည်းလိုက်ပြီး ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူမှဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မိမိအနေဖြင့် အတွင်းရေးမှူး အဖြစ် လည်းကောင်းတာဝန် ယူပါကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်မှ ကျပ်သိန်း (၂,၀၀၀)နှင့် အသင်းချုပ်နှင့် ညီနောင်အသင်းများ၏ ကိုယ်စား ငွေကျပ်သိန်း(၅၀၀) စုစုပေါင်းကျပ်သိန်း (၂၅၀၀)ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း အသင်းချုပ်၊ ညီနောင်အသင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ အလှူငွေများ၊ အမိုးအကာများ၊ စားသောက်ကုန်၊ လူသုံးကုန်များ၊ ဆေးဝါးများကို မုန်တိုင်းဒဏ်သင့် ဒေသများသို့ ထိရောက်စွာ ဆက်လက်ပို့ဆောင်ပေးလျက် ရှိပါကြောင်း ဆွေးနွေးခဲ့သည်။


ကျော်ဆန်းမြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)